လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် (၂၀-၁၁-၂၀၂၀)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၃၀၀၀၀ဝိ/-)၊ စုစုပေါင်းလူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၄၇၀ဝိ/-)၊စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၁၄၇၀ဝိ/-)အား (၂၃-၁၁-၂၀၂၀) ရက်နေ့ (၁၃:၃၀)နာရီအချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_nov2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)