ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ အမှတ်(၁၂)ရပ်ကွက်၌ (၀၈:၃၀)နာရီ အချန်မှ (၁၁:၀၀) နာရီ အချိန်အထိ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပလမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၄.၁၁.၂၀၂၀)နေ့တွင် ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ကျေးရွာ၊ ဘိုင်းပြင်ကျေးရွာ၊ သင်ကန်းတောကျေးရွာ၊ တန်းရှင်းကျေးရွာ၊ ပိတပ်ကျေးရွာနှင့် အမှတ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်း)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ပြီး၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများအားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source:             ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၈/၂၀၂၀)(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်)(မြန်မာစံတော်ချိန်(၀၄:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

    (က) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အခြေအနေ ========================================= (၁) ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “နီဗာ”(NIVAR)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “နီဗာ”(NIVAR)အဖြစ်သို့ ရောက် ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကဒ်ဒါလိုလီ (Cuddalore)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၇၀)မိုင်ခန့်၊ ပူဒူချယ်ရီ (Puducherry)မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၁၇၅)မိုင်ခန့်နှင့် ချင်းနိုင် … Read more

  • (Covid-19) ရောဂါ၊ သဘာဝဘေးအန္တရယ်နှင့်ပတ်သက်၍ အသိပညာခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်စန်မြို့၊ မြို့မိမြို့ဖတို့နှင့်ပူးပေါင်း၍ (Covid-19) ကူးစက်ရောဂါကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကာကွယ်ရေးအတွက် (၂၄-၁၁-၂၀၂၀)ရက်နေ့၊ နံနက်(ဝ၈:၃၀) နာရီမှနေ့လည် (၁၂:ဝဝ)ထိ နမ့်စန် မြို့နယ်အတွင်းရှိ ဝမ်ကျောင်းကျေးရွာ၊ အမှတ် (၄)ကျေးရွာ၊ အမှတ်(၅) ကျေးရွာ တို့၌ လည်းကောင်း၊ မွန်းလွဲပိုင်း (၁၃:၀၀)မှ ညနေ (၁၆:၁၅)အချိန်ထိ နမ်စန်မြို့နယ်အတွင်းရှိ နောင်ခါးကျေးရွာ၊ ပန်လင်းကျေးရွာ၊ စက်မူဇုန် ကျေးရွာတို့၌ လည်းကောင်း (Covid-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် … Read more

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (COVID-19)ရောဂါကူးစက်မှု ဒေသတွင်း မဖြစ်ပွားစေရေးအတွက် (၂၄-၁၁-၂၀၂၀)ရက်​​​နေ့တွင် ဝမ်မိုင်​​ကျေးရွာနှင့် ကချင်ရွာတို့တွင် (COVID-19) ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကို လည်းကောင်း Hand Speaker များ အသုံးပြုခြင်းဖြင့်အသိပညာပေးဆော်သြခြင်း၊ hand gelများဖြင့် လက်သန့်စင်စေခြင်း၊ မဖြစ်မနေအပြင်ထွက်ရပါက mask ကိုအမြဲတပ်ဆင်သွားကြရန်အသိပေးပြောကြားပြီး mask များဖြန့်ဝေခြင်း၊လက်သန့်စင်ဆေးကြောရန်ဆပ်ပြာခဲများပေးဝေခြင်း၊သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်ဗီနိုင်း/ပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_nov2020 Source:             တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း

    (၂၄.၁၁.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်၊ ပေါ်နော်ကျေးရွာနှင့် ဇီးပင်ကုန်းကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source:             ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)