ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် ပစ္စည်းများထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ လွတ်တော်ကိုယ်စားလှယ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဘို့မကျေးရွာအုပ်စုရှိ ကျေးရွာ (၄) ရွာမှ အိမ်ထောင်စု (၂၀၇) အိမ်ထောင်လူဦးရေ (၁၀၀၇) ဦးအတွက် mask (၁၀၁)ဗူး၊ လက်သန့်ဆေးရေ (၂၀၇)ဗူးနှင့်solar မီးအိမ်(၆၃)လုံးတို့အား (၃၀.၁၁.၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်တွင် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #hl1_ar #npw_nov2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၀)

    (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်) (မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ (က) မုန်တိုင်းငယ်အခြေအနေ ~~~~~~~~~~~~~~~~~~~~~~~~~~~ (၁) ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိ ခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomalee)မြို့၏ အရှေ့-အရှေ့တောင် ဘက် ရေမိုင်(၄၁၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီ(Kanyakumari) မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၆၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေပါသည်။ (၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦး … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ ========================== မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ==================================== “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင် ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက် သို့ ဆက်လက်ရွေ့လျားကာ (၂.၁၂.၂၀၂၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu)ကမ်းခြေတောင်ပိုင်းအနီးသို့ ရောက်ရှိ နိုင်သည်ဟုခန့်မှန်းရပါသည်။”  

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================ “ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် (၃၆)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ (၂.၁၂.၂၀၂၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံ တမီးလ်နာဒူး (Tamil Nadu) ကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။”  

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ အမာ မြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင်ကြီးတန်းကျေးရွာတွင် (၂၆-၁၁-၂၀၂၀) ရက်နေ့ (၂၃:၀၀) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင် စု(၁) စုမှ လူဦးရေ (၃) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၁၀၀,၀၀ဝိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ( ၆,၃၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုးအိမ်ထောင်စု (၁) စုစာ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀ဝိ/-) … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၂၀)ရက်နေ့(၀၈၃၀)ချိန်မှ(၁၄၀၀)ချိန်ထိ မိုးညှင်းမြို့နယ်၊ နန့်ပုတ်​ကျေးရွာ၊ ဆယ်မိုင်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါကာကွယ်ရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းကို အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခဲ့​ပြီး Mask နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2020 Source:             မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)