ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ရေသန့်ဆေးထုပ်များ ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဦးစီးဌာန (ရုံးချုပ်) မှ ခွဲဝေပေးထားသော ရေသန့်ဆေး (၂၄၀) ထုပ်ပါ ဆေးဘူး(၈)ဖာအား သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် Covid-19 Positive လူနာများ ထားရှိသည့်နေရာတွင် အသုံးပြုရန်နှင့် ဈေးကလေး ရပ်ကွက်နှင့် မြတောင်ရပ်ကွက်တို့မှ ချောင်းဘေးတွင် နေထိုင်သော အိမ်ထောင်စုများ အသုံးပြုရန် (၁၅-၁၂-၂၀၂၀)ရက်နေ့တွင် ထုတ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_dec2020 Source:   ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေစကြိုမြို့နယ်ဦးစီးမှူးရုံးဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်စီးမှူးရုံးဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ရေစကြိုမြို့ရုံး မြေနေရာတွင် (၁၀.၁၂.၂၀၂၀)ရက်နေ့ (၀၉:ဝဝ) အချိန်ကပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #office_dev #mgy_dec2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊‌ ကောင်းကော်ကျေးရွာနှင့် နောင်အွန်ကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020

  • မီးဘေးအန္တရာယ်ဆိုင်ရာ မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ရှိ အမှတ်(၁)ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ ဖိုးချစ်လက်ဖက်ရည်ဆိုင်အနီး၌ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား မိဘပြည်သူများ အလွယ်တကူသိရှိနားလည်ဖတ်ရှုနိုင်ရန် (၉’×၆’)မြေစိုက်ဗီနိုင်းပိုစတာအသစ် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ IDP စခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးမှုသတင်း

    ဒီဇင်ဘာ ၁၅၊ နေပြည်တော် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ IDP စခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေး ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး၌ Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ … Read more

  • Covid-19 အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်မှ (၁၅:၀၀)အချိန်အထိ  ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ကင်ပွန်းတန်းကျေးရွာ၊ ကံဦးကျေးရွာ၊ တောင်သာကျးရွာ၊ ရန်အာင်(၂)ရပ်ကွက်၊ ရွှေချီရပ်ကွက်အတွင်းပြည်သူများအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2020 Source:             နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)