Covid-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၂၀) ရက်နေ့ တွင် COVID-19 ကူးစက်ရောဂါ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းအား ဖာတင်းကျေးရွာ၊ နန်းပါမှူးကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ကုန်းကျေးရွာ စသည့်ကျေးရွာ တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ပြီး သဘာဝ ဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#bgo_dec2020
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events