ကမ်းပြိုဘေး ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ​​​အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင်(၁၅-၁၂-၂၀၂၀)ရက်နေ့၊ (၁၀းဝ၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၅၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၁၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၁၀၇၁၀ဝိ/-)၊ စုစုပေါင်းကျပ်(၁၂၀၇၁၀ဝိ/-)အား (၁၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ​​ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_dec2020

Source:             ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events