လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ မြို့မအနောက်ရပ်ကွက်၊ ရုံးရပ်ကွက်၊ ဈေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့တွင် (၁၆-၁၂-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထပ်မံမဖြစ်ပွားစေ ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ အားလည်းကောင်းအသိပညာပေး ဆော်ဩခဲ့ပြီး ပြည်သူလူထုအား Mask များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_dec2020
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)