အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့တွင် မကွေးမြို့၊ အောင်မေတ္တာ (က၊ခ၊ဂ၊ဃ) ရပ်ကွက်၊ မင်းကန်ကြီးရပ်ကွက်၊ ကန်သာရပ်ကွက်နှင့် မြင်းကင်းကျေးရွာတို့တွင် လူအများမြင်သာနိုင်သည့် နေရာများ၌ COVID-19 ကူးစက် ရောဂါအသိပညာပေး ဗီနိုင်းပိုစတာများ ချိတ်ဆွဲဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘေးစီမံ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း 

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကျင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာတွင် (၁၃-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ် လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၁) အိမ်ထောင်စာတို့အား (၁၅-၁၂-၂၀၂၀) ရက်နေ့ … Read more

  • Covid-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန် အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၃:၀၀)နာရီအချိန်ထိ မော်လမြိုင်မြို့နယ်၊ ရိုးဂိုး ကျေးရွာတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် ပြည်သူများအား လိုက်လံအသိပေးကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2020 Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀)ရက်နေ့(၁၁:၃၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး ပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိနိုင်စေရန်အတွက် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ ဘော်လုံးကွင်းအရှေ့၊ စျေးအနီးတွင် စိုက်ထူထားသော မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာအား ပြောင်းလဲတပ်ဆင်စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2020

  • သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများ ကပ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)အချိန်တွင် ကလေးမြို့၊ မြို့နယ်စုပေါင်းရုံး မျက်နှာစာ၌ မီးဘေး၊ ငလျင်ဘေး အန္တရာယ်နှင့်ပတ်သက်သော ပညာပေးပိုစတာများအား မိဘပြည်သူများအလွယ်တကူ သိရှိနားလည်ဖတ်ရှုနိုင်ရန် ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source:             ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန် အထိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၊ ၂၊ ၃၊ ၄)နေရာတို့တွင် လှည့်လည်၍ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_dec2020