ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း - ကံ့ကော်မြိုင်ရပ်ကွက်၊ မြကန်သာရပ်ကွက်၊ ဘုရားချောင်းကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အ.ထ.က (၂) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အ.ထ.က (၁) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း - လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောမှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ စင်တီမီတာခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၃ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် … Read more

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ … Read more

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၃ ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ … Read more

  • ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၂၅) ရက်နေ့၊  မွန်းလွဲ (၁၄:၀၀) နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်ထိ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က-၁၁ ကျောင်း၌ နေပြည်တော်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် အဖွဲ့၀င်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး၀န်ကြီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့၊ ပရဟိတအဖွဲ့များ၊ ဆရာ/ဆရာမများများ၊ ကျောင်းသား/ သူများ၊ စုစုပေါင်း လူဦးရေ (၇၅၀) ဦးခန့်ဖြင့် ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • ပျဉ်းမနားမြို့နယ်အတွင်း ငလျင်ဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၅) ရက်နေ့၊  မွန်းလွဲ (၁၄:၀၀) အချိန်တွင်ပျဉ်းမနားမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ငလျင်ဘေးကြောင့်  တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၀၀)အိမ်ထောင်စုအတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေသိန်း (၃၀,၀၀၀,၀၀၀ိ/-) အား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #eq #‌npt_July_2025 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ မြန်မာစံဲာ်ချိန် (၀၇:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် ၀၇:၃၀ နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။