ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၂၅) ရက်နေ့၊  မွန်းလွဲ (၁၄:၀၀) နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်ထိ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က-၁၁ ကျောင်း၌ နေပြည်တော်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် အဖွဲ့၀င်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး၀န်ကြီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့၊ ပရဟိတအဖွဲ့များ၊ ဆရာ/ဆရာမများများ၊ ကျောင်းသား/ သူများ၊ စုစုပေါင်း လူဦးရေ (၇၅၀) ဦးခန့်ဖြင့် ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#simex

#‌npt_July_2025

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး

Sign Up

Upcoming Events