ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လက်သန့်ဆေးရည်များ ထောက်ပံ့ပေးခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့တွင် နတ်မောက်မြို့နယ် (Covid-19) ကြိုတင်ကာကွယ် ရေးလုပ်ငန်းစဥ်များတွင်ပူးပေါင်းဆောင်ရွက်​နေသော ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများဖြစ်သည့် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒီပင်္ကရာစာသင်တိုက်နှင့် စိတ်ဓာတ်ဖြူစင်လူမှုကူညီရေးအသင်း သို့ (500 ml)ပါလက်သန့်ဆေးရည်ဘူးစုစုပေါင်း (၂၀၀) ဘူးတို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source:             နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)လမ်းဆုံ၌ မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အသိပညာပေး ဗွီနိုင်းပိုစတာဆိုင်းဘုတ်(၁)ခုစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_dec2020

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်ထိ မော်လမြိုင် မြို့နယ်၊ မုရောင်းကျေးရွာတို့တွင် မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2020

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်၊ အလင်းရောင်ဘုန်းတော်ကြီးကျောင်း၌ (၂)ခန်းတွဲအိမ်သာ(၁)လုံးတည်ဆောက်ရန် ထောက်ပံ့ငွေ(၁,၈၀၀,၀၀၀)အား (၂၄-၁၂-၂၀၂၀) ရက်နေ့ နံနက်(၁၁:၂၀)အချိန်တွင် အလင်းရောင်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်နှင့် ရက္ခဒါနဖောင်ဒေးရှင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဥက္ကဌထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec2020

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၊ တပ်ကုန်းကျေးရွာ၊ အင်းကောင်းကျေးရွာအုပ်စု၊ အင်းကောင်းကျေးရွာ၊ တင်းတိန်ရံကျေးရွာနှင့် ကျောင်းအင်းကျေးရွာများသို့သွားရောက်ပြီး မိဘပြည်သူများအား COVID-19ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်မှုပျံ့နှံ့မှု ဆက်လက်မဖြစ် ပွားစေရေး ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်းတို့ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020

  • မီးဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့၌ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက် စျေးရှေ့နှင့် ဇေယျာသီရိရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား အများပြည်သူများအလွယ်တကူသိရှိနားလည်ဖတ်ရှုနိုင်ရန်ဗွီနိုင်းပိုစတာများစိုက်ထူဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)