လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့တွင် နတ်မောက်မြို့နယ် (Covid-19) ကြိုတင်ကာကွယ် ရေးလုပ်ငန်းစဥ်များတွင်ပူးပေါင်းဆောင်ရွက်နေသော ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများဖြစ်သည့် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒီပင်္ကရာစာသင်တိုက်နှင့် စိတ်ဓာတ်ဖြူစင်လူမှုကူညီရေးအသင်း သို့ (500 ml)ပါလက်သန့်ဆေးရည်ဘူးစုစုပေါင်း (၂၀၀) ဘူးတို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_dec2020
Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)