
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၊ တပ်ကုန်းကျေးရွာ၊ အင်းကောင်းကျေးရွာအုပ်စု၊ အင်းကောင်းကျေးရွာ၊ တင်းတိန်ရံကျေးရွာနှင့် ကျောင်းအင်းကျေးရွာများသို့သွားရောက်ပြီး မိဘပြည်သူများအား COVID-19ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်မှုပျံ့နှံ့မှု ဆက်လက်မဖြစ် ပွားစေရေး ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်းတို့ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_dec2020