Latest News
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁၂.၂၀၂၀)ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ မြေဇွန်းကျေးရွာ၊ ဆုံတားကျေးရွာ၊ အိုးဘိုကျေးရွာ၊ ကျားတက်ကျေးရွာ၊ ကန်နီကျေးရွာ၊ ကံကြီးကျေးရွာ၊ စူဠာကျေးရွာ၊ ပန်းထူးကျေးရွာ ၊ နီပါးတန်း ကျေးရွာ၊ ပျော်ဘွယ်ကျေးရွာ၊ များတွင်COVID-19ရောဂါနှင့်ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းများ သဘာ၀ဘေးနှင့်ပတ်သက်၍ မီးဘေး၊ ငလျင်ဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လက်သန့်ဆေးရည်များ ထောက်ပံ့ပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်စေရေးအတွက် လက်သန့်ဆေးရည် (၁၀၀) ဘူးအား ကလေးဝမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌထံသို့ (၂၄.၁၂.၂၀၂၀)ရက်နေ့ (၁၂း၃၀) အချိန်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လက်သန့်ဆေးရည်များ ထောက်ပံ့ပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့တွင် နတ်မောက်မြို့နယ် (Covid-19) ကြိုတင်ကာကွယ် ရေးလုပ်ငန်းစဥ်များတွင်ပူးပေါင်းဆောင်ရွက်နေသော ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများဖြစ်သည့် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒီပင်္ကရာစာသင်တိုက်နှင့် စိတ်ဓာတ်ဖြူစင်လူမှုကူညီရေးအသင်း သို့ (500 ml)ပါလက်သန့်ဆေးရည်ဘူးစုစုပေါင်း (၂၀၀) ဘူးတို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)လမ်းဆုံ၌ မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အသိပညာပေး ဗွီနိုင်းပိုစတာဆိုင်းဘုတ်(၁)ခုစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_dec2020
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်ထိ မော်လမြိုင် မြို့နယ်၊ မုရောင်းကျေးရွာတို့တွင် မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2020
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်၊ အလင်းရောင်ဘုန်းတော်ကြီးကျောင်း၌ (၂)ခန်းတွဲအိမ်သာ(၁)လုံးတည်ဆောက်ရန် ထောက်ပံ့ငွေ(၁,၈၀၀,၀၀၀)အား (၂၄-၁၂-၂၀၂၀) ရက်နေ့ နံနက်(၁၁:၂၀)အချိန်တွင် အလင်းရောင်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်နှင့် ရက္ခဒါနဖောင်ဒေးရှင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဥက္ကဌထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec2020









