ပိုးကျပျက်စီးမှုကြောင့် အခက်အခဲကြုံတွေ့နေသောပြည်သူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်နှင့်အတူ (၁၄-၁-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်ရှိ ပြောင်းခင်းများ ပိုးကျပျက်စီးမှုကြောင့် အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူများအား ဆန်ရိက္ခာထောက်ပံရန် မြို့နယ်အစည်းအဝေးခန်းမ၌ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အဖွင့်အမှာစကား ပြောကြားပြီး ညွှန်ကြားရေးမှူးမှ ထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ကျေးရွားအုပ်စု(၁၇)စုမှ အိမ်ထောင်စု(၉၅၉)စု၊ လူဦးရေ (၆,၇၈၉) ဦးတို့အတွက် ဆန်ရိက္ခာ(၂)လစာ (၄,၂၄၃) အိတ်၊ (၃)ပြည်အား သက်ဆိုင်ရာမြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#kcn_jan2021

Sign Up

Upcoming Events