ကျောက်တန်းမြို့နယ်COVID-19ကော်မတီဥက္ကဌထံသို့ ဓါတ်ဆားထုပ်များ၊ Mask များနှင့် လက်သန့်ဆေးရည်များ လှူဒါန်းမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၂၁) ရက်နေ့တွင် ကျောက်တန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဌထံသို့ ဓါတ်ဆားထုပ် (၇,၀၀၀) ထုပ်၊ Mask (၅၀)ခုပါ (၁၀၀)ဗူး၊ လက်သန့်ဆေးရည် (500 ml)၅၀ ဗူးနှင့် (50ml) ၅၀ဗူး စုစုပေါင်း (၁၀၀)ဗူး တို့အား ကျောက်တန်းမြို့နယ်ရှိ Quarantine Center များအတွက် သွားရောက် လှူဒါန်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_ar
#ygn_jan2021

Sign Up

Upcoming Events