Latest News
-
ရုံးသစ်ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲခရိုင်ဦးစီး မှူးရုံးသစ်ဖွင့်လှစ်ခြင်းကို (၆-၁-၂၀၂၁) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ တက်ရောက်လာသူများအား စတုဒီသာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #office_dev #rke_Jan2021 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၅-၁-၂၀၂၁) ရက်နေ့၊ (၀၉:ဝဝ) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၅၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၁၀၀,၀၀ဝ)၊ ဆန်ရိက္ခာဖိုး(၁၂၃,၉၀ဝ) ကျပ်၊ စုစုပေါင်း (၁,၂၂၃,၉၀ဝ) ကျပ်အား (၆-၁-၂၀၂၁) ရက်နေ့၊ (၁၅:၀၀) အချိန်တွင်ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #mgy_jan2021
-
ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံးကို (၅-၁-၂၀၂၁) နေ့ နံနက်(၁၀:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)တွင် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #office_dev #rke_jan2021
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ချောင်းဆင်း(တဲတိုက်)ရှိ အိမ်ခြေ (၁၀၁) လုံး၊ အိမ်ထောင်စု(၁၀၇) စု၊ လူဦးရေ (၅၀၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၆- ၁-၂၀၂၁) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ) #ha_drg #mgy_jan2021
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ လက်သမားမြန်မာအုပ်စု၊ လက်သမားမြန်မာကျေးရွာတွင် (၂-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၂၀၀,၀၀ဝ)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေကျပ်(၁၀,၅၀ဝ)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၁၀,၅၀ဝ) ကျပ်တို့ကို (၆-၁-၂၀၂၁) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_jan2021
-
Online မှတဆင့်အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁-၂၀၂၁) ရက်နေ့ တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပ ပြုလုပ်သည့် Online Talk Show အစီအစဉ်၌ ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်း တာဝန်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Covid-19 ကာလ အတွင်း online မှ တဆင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #shn_Jan2021 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









