လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘော်လခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၁.၂၀၂၁) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘောလခဲကျေးရွာအုပ်စု၊ ဝမ်ချယ် ကျေးရွာ၊ မိုင်းထမ်းကျေးရွာ၊ ရေနီပေါက်ကျေးရွာ၊ ချိကွဲ့ကျေးရွာအုပ်စု၊ နန်းနောက်ကျေးရွာ၊ ချိကွဲ့ကျေးရွာကျေးရွာများရှိ ပြည်သူ များအား COVID – 19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyh_jan2021
Source: ဘော်လခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)