မကွေးမြို့နယ်၊ ကြာကန်ကျေးရွာရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာ၊ စမ်းရိုး(တဲတိုက်)ရှိ အိမ်ခြေ (၁၁၂) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၆၀၁) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၇- ၁-၂၀၂၁) ရက်နေ့ (၁၁ : ၃၀) နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_drg
#mgy_jan2021
မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ)

Sign Up

Upcoming Events