မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄)နှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ မတ်လ ၁၀ ရက်

မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄)နှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာကိစ္စရပ်များသည် နိုင်ငံတော်နှင့် မိသားစု များအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်လုပ်ငန်းများဖြစ်ပါကြောင်း၊ မိသားစုများတွင် သားသမီးများ သည် အနာဂတ်ဖြစ်သကဲ့သို့ လူငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ်များ ဖြစ်ပါ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာ ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရတဲ့အတွက် မွန်မြတ်တဲ့အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ် ပါကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့ လူငယ်ထုအင်အားမှာ နိုင်ငံတော်၏ စွမ်းအားစုများပင်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်နေတာတွေ့ရှိရပါ ကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)ကို မိတ်ဆက်ဖြန့်ချိခဲ့ပြီးဖြစ်တာကြောင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြရမှာ ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီအပါအဝင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်/မြို့နယ်လူငယ် ရေးရာကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေများအပေါ် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင် ရေးအတွက် ညှိနှိုင်းဆွေးနွေး ကြရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးက လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရမည့် လုပ်ငန်း များကို ရပ်နားလို့မရပါကြောင်း၊ မိမိတို့အနေဖြင့် ကလေးသူငယ်၊ လူငယ်၊အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များကို ဆောင်ရွက်ပေးနေတဲ့ဌာနဖြစ်ပါကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များ နှင့်ပတ်သက်လို့ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား ရမှာ ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်တို့က မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄) တို့၏ ရေးဆွဲဆောင်ရွက်မှု၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊  မြန်မာနိုင်ငံ လူငယ် ရေးရာ ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ပြင်ဆင်ဖွဲ့စည်းရန်အတွက် အဆိုပြုဖွဲ့စည်းမှု များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီးရုံးရှိ ဌာနခွဲများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုခြင်း၊ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

#hl1

#npw_mar2021

 

Source: MOSWRR

Sign Up

Upcoming Events