Latest News
-
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အခန်း(၈) ကလေးသူငယ်ကိုမွေးစားခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် မူလတန်းကြိုကျောင်းများ၊ နေ့ကလေးထိန်းဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း
ဧပြီလ ၂၃၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အခန်း(၈) ကလေးသူငယ်ကို မွေးစား ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် မူလတန်းကြိုကျောင်းများ၊ နေ့ကလေးထိန်း ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းကို (၂၃.၄.၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်ကောင်စီ၊ … Read more
-
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော်မှု ပဉ္စမနှင့် ဆဋ္ဌမအကြိမ်နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာ(မူကြမ်း) ရှင်းလင်းတင်ပြခြင်းနှင့် လူကုန်ကူးခံရသူများ အား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် ရှင်းလင်းတင်ပြခြင်း အစည်းအဝေး ကျင်းပ
၂၀-၄-၂၀၂၁ ၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပဉ္စမနှင့်ဆဋ္ဌမအကြိမ်နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး အား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင် ရာကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် United Nations Convention on the Rights of the Child (UNCRC) တွင် ပါဝင်လက်မှတ်ရေးထိုး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ ပရိတ်တရားတော်နာယူခြင်းအခမ်းအနားကျင်းပ
ဧပြီ ၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ ပရိတ် တရားတော် နာယူခြင်းအခမ်းအနားကို ( ယနေ့ )နံနက် ( ၈:၃၀ ) အချိန်က အဆိုပါဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သုဓမ္မသိင်္ဂီ ဒေါက်တာသက်သက်ခိုင်နှင့်ခင်ပွန်း သုဓမ္မမဏိဇောတဓရ ဒေါက်တာ အောင်ကျော်ဝင်း အမှူးပြုသော ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း / အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ ဝန်ကြီးဌာန ဆရာဒကာကျောင်းများဖြစ်သော ပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်းနှင့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စမတောင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း
၉.၄.၂၀၂၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာသို့ ၂၀၂၀-၂၀၂၁ ခု၊ ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို (၉.၄.၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာ၌ကျင်းပ ရာ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများက စမတောင်ပရဟိတဂေဟာ ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဉာဏိန္ဒအား ဖူးမြော်ကန်တော့ပြီး ဆရာတော်အားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် စမတောင် ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိန္ဒ၏ ဩဝါဒများခံယူတည်ဆောက်ခဲ့ကြပါသည်။ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဝန်ထမ်းများအားတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်သည် ၈-၄-၂၀၂၁ ရက်နေ့ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက် ဦးစီးဌာနများမှ စစ်တွေမြို့ အခြေစိုက် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံခဲ့ပါ သည်။ တွေ့ဆုံရာ၌ ဒုတိယဝန်ကြီးက နိုင်ငံတော်၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် တပ်မတော်က အာဏာထိန်းသိမ်းရသည့် အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်နှင့် ဆောင်ရွက်နေမှုများအား ကနဦး ဆွေနွေးရှင်းလင်းပါသည်။ ထို့နောက် ရခိုင်ပြည်နယ်ရှိ ဦးစီးဌာနများမှာ ဝန်ထမ်းများ ရာနှုန်းပြည့်နီးပါး ရုံးတက်၍ တာဝန်များအား ကျေပွန်စွာထမ်းဆောင် … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကျင်းပ
ဧပြီလ (၈)ရက်၊နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ / အဖွဲ့အစည်းများနှင့် ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ဥပဒေ( မူကြမ်း )အား အတည်ပြုပြဋ္ဌာန်း နိုင်ရေး ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁) ကို ယနေ့နံနက် ( ၁၀ )နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒေါက်တာသက်သက်ခိုင်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ … Read more









