လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဝန်ထမ်းများအားတွေ့ဆုံ



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်သည် ၈-၄-၂၀၂၁ ရက်နေ့ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက် ဦးစီးဌာနများမှ စစ်တွေမြို့ အခြေစိုက် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံခဲ့ပါ သည်။ တွေ့ဆုံရာ၌ ဒုတိယဝန်ကြီးက နိုင်ငံတော်၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် တပ်မတော်က အာဏာထိန်းသိမ်းရသည့် အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်နှင့် ဆောင်ရွက်နေမှုများအား ကနဦး ဆွေနွေးရှင်းလင်းပါသည်။ ထို့နောက် ရခိုင်ပြည်နယ်ရှိ ဦးစီးဌာနများမှာ ဝန်ထမ်းများ ရာနှုန်းပြည့်နီးပါး ရုံးတက်၍ တာဝန်များအား ကျေပွန်စွာထမ်းဆောင် နေမှုကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ ဒေသခံအများစု မိမိဒေသတွင် ပြန်လည်တာဝန်ကျ နေသည်ကို တွေ့ရ၍ ဝမ်းသာကြောင်း၊ ပြည်သူများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်နေသည့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မည်သည့် အခြေအနေတွင်မဆို လုပ်ငန်းများ ရပ်တန့်၍ မရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဒေသနေပြည်သူ များကောင်းကျိုးကို ရှေးရှု၍ နှလုံးသားဆန္ဒဖြင့် ပြည်သူအတွက် ဝန်ဆောင်မှု ပေးနေခြင်းအား အသိ အမှတ်ပြု ကျေးဇူးတင်ကြောင်း၊ အလားတူ ဆက်လက်ဆောင်ရွက်သွားမည် ဟုလည်း ယုံကြည်ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေး အမြဲဆောင်ရွက်နေရမှာ ဖြစ်သကဲ့သို့ ကျန်းမာကြံ့ခိုင်မှုကိုရှေးရှ၍ ပြည်သူကို ကူညီကြရမှာ ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်သော စစ်တွေ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးက ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ကြေးငွေ(၆၆၈၁၀၀ဝိ/-)အား ပေးအပ်ခဲ့ရာ ဘိုးဘွားရိပ်သာ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံး သိုလှောင်ရုံသို့ သွားရောက်စစ်ဆေးကာ တာဝန်ရှိသူများအား ကယ်ဆယ်ရေးပစ္စည်း ထားသို သုံးစွဲမှုများ စနစ်တကျဖြစ်စေရေး၊ နိုင်ငံတော်ပိုင်ပစ္စည်းများ ပြင်ပ ပယောဂ တစ်ရပ်ရပ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် အလေးထားဆောင်ရွက်ရေး၊ သဘာဝဘေးများအတွက် ကူညီနေသည့်ဌာနဖြစ်သည်နှင့် အညီ မမျှော်မှန်းနိုင်သည့် ဘေးများကြုံတွေ့ရပါက သိုလှောင်ရုံတွင် ဆောင်ရွက်ရန်များကို စနစ်တကျ စီမံချက် ပြုစုထားသည့်အတိုင်း အရာထမ်း၊ အမှုထမ်းအားလုံးက သိရှိဆောင်ရွက်တတ်စေရန် ပြင်ဆင်ထားရေးတို့အား လမ်းညွှန်မှာကြားခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ထားရှိသုံးစွဲမှု များအား စစ်ဆေးကြပ်မတ် လမ်းညွှန်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl2_otr

#ygn_apr2021

Source: MOSWRR

Sign Up

Upcoming Events