Latest News
-
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းများဆောင်ရွက်
တောင်ကြီး ၃၀-၄-၂၀၂၁ ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ နှင့်သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ၃၀-၄-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာကျော်ထွန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ဦးကြွယ်ကြွယ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ ပါသည်။ … Read more
-
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (နမ့်လတ်)သို့ရောက်ရှိစစ်ဆေး
တောင်ကြီး၊ နမ့်လတ် ၂၉-၄-၂၀၂၁ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၉-၄-၂၀၂၁ ရက်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးဦးစီးဌာနလက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (နမ့်လတ်)သို့ရောက်ရှိကြရာ စခန်းအတွင်း ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ဝန်ကြီးဌာနဘတ်ဂျက်ဖြင့် တော်ဝင်ရွှေနန်းကုမ္ပဏီမှ ကျပ်(၂၁၃.၅၀၅)သန်းဖြင့် တင်ဒါအောင်မြင် ဆောက်လုပ်လျက်ရှိသော ပေ၁၀၀xပေ၄၀၊ ၄ ခန်းတွဲ RC နှစ်ထပ်၊ ဝန်ထမ်းအိမ်ရာ ၅၀% ပြီးစီးနေမှုအခြေအနေနှင့် ပိုင်ဖြိုးခန့်ကုမ္ပဏီမှ ကျပ်(၁၂၈.၁၉၉၉)သန်းဖြင့် … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးနိုင်ရေး အတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခြင်း
၂၈.၄.၂၀၂၁ ၊ နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်း ရေးဆွဲခြင်းအခြေအနေများနှင့် ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးကို ပိုမို တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ရန်အတွက် မည်သို့ထည့်သွင်းရေးဆွဲထားသည်ကို သိရှိရမည် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာ၌ (၂၆-၄-၂၀၂၁ ) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့သည့် အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ/-)ကျပ်နှင့် မီးဘေးသင့်လူဦးရေ (၁)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၂,၁၀ဝ/-)ကျပ်၊ စုစုပေါင်း (၁၀၂,၁၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စာတန်ဖိုးငွေ(၄၂,၆၂ှဝ/-)ကျပ်တို့အား (၂၇-၄-၂၀၂၁) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_apr2021 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ Nationwide Case Management Supervision Unit (NCMSU) ၏ လုပ်ငန်းများသုံးသပ်ညှိနှိုင်းရေး အစည်းအဝေးကျင်းပ
(၂၇–၄–၂၀၂၁) ရက်နေ့ နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ Nationwide Case Management Supervision Unit (NCMSU) ၏ လုပ်ငန်းများသုံးသပ်ညှိနှိုင်း ရေးအစည်းအဝေးအား ယနေ့ နေ့လယ်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းဒေ သကြီး/ ပြည်နယ်ဦးစီးမှူး တို့မှ Virtual ဖြင့် … Read more
-
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၁/၂၀၂၁)
ဧပြီ (၂၆) ရက်နေ့၊ မွန်းလွဲ (၂:၀၀) နာရီ နေပြည်တော် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ နေ့လည် (၁၄:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ … Read more









