ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လက်သန့်ဆေးရည်၊ ရေသန့်ဆေးနှင့် သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာများ ထောက်ပံ့လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ စက်ရုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် သစ်လေးလုံးကျေးရွာ၊ မြတ်စုမွန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများအတွက် Hygiene kit (၂၇)ဖာ ၊ Hand gel 500mlဘူး (၇၅)ဘူး၊ ရေသန့်ဆေး(၅)ဖာနှင့် သဘာဝဘေးများအတွက် အသိပညာပေးဗွီနိုင်းပိုစတာများအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ #ar #npw_jan2021     Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ချန်ဖန်းကျေးရွာအုပ်စုတွင် (၁၈-၁-၂၀၂၁) ရက်နေ့၌ လေပြင်း ဘေးကြောင့် တစိတ်တပိုင်းပျက်စီး အိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃၅)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၇၃,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၆၃,၅၀၀/-)ကျပ်အား (၂၀-၁-၂၀၂၁)ရက်နေ့၊ (၁၅:ဝဝ)အချိန်တွင် ဘေးသင့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။     #ha_sgw #tny_jan2021 Source:   ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ (၁၀မိုင်)ကျေးရွာအုပ်စု၊ ပါဆယ်ပါညန်းကျေးရွာတွင် (၁၈-၁-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် တစိတ်တပိုင်းပျက်စီး အိမ်ခြေ (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၆) ဦးအတွက် (၇) ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၅၄,၆၀၀/-) ကျပ်၊ ဒဏ်ရာရလူနာ (၁)ဦး အတွက် (၅၀,၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၀၄,၆၀၀/-) ကျပ်အား (၂၀-၁-၂၀၂၁) ရက်နေ့၊ (၁၃:ဝဝ)အချိန်တွင် ဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more

  • COVID-19 ကူးစက်ရောဂါ၊ ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁- ၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန် မှ (၁၆:၀၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးရွာ၊ ပုရွက်ဆိတ်ကုန်းရွာ၊ လဲလုအိုင်ရွာ၊ နတ်သရဲကျေးရွာနှင့် ငကောင်းကံအုပ်စု၊ ငကောင်းကံရွာ၊ ဇောင်ချမ်း ကုန်းရွာ၊ ဝက်စုကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့တွင် ပြည်သူများအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များ၊ သဘာဝဘေးအသိပညာပေးဗွီးနိုင်းပိုစတာများအား ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း … Read more

  • ဘေးဒဏ်ကိုကြံ့ကြံ့ခံနိုင်စွမ်းရှိရေး၊ တုံ့ပြန်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ပူးပေါင်းပါဝင်မှု ညှိနှိုင်းအစည်းအဝေးကျင်းပ

    ~~~~~~ Source: MOSWRR ~~~~~~ နေပြည်တော်၊ ဇန်နဝါရီ ၂၀ ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ၊ သဘောတူညီမှုစာလွှာ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဝဏ်လွှာ၊ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုစာလွှာနှင့် စီမံကိန်း အကောင်အထည်ဖော်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုး၍ ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs)များနှင့်ထိရောက်သည့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး … Read more

  • Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ်ဇလွန်းကျေးရွာနှင့် တလိုင်းတောင်ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2021