ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ပင်‌လောင်းမြို့နယ်၊ လင်း‌ဗွာလကျေးရွာနှင့်‌ နောင်ဝိုးကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2021

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၁) ရက်နေ့၊ နေ့လည်ပိုင်းတွင် ပင်လောင်းမြို့နယ်၊ နန်းထာကျေးရွာနှင့်‌ ဆောင်း‌ပြောင်းကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2021

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၁) ရက်နေ့တွင် မြိတ်မြို့၊ ကုန်စိမ်းဈေး၊ တောရကျောင်းဈေး၊ တပ်ပြင်ဈေး၊ ပါရမီဈေးနှင့် မြို့သစ်ဈေးတို့၌ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မီးဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် Mask များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jan2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၉-၁-၂၀၂၁) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကမ်းနီကျေးရွာနှင့် ရှမ်းရွာသစ်မြို့လမ်းဆုံ၌ ပြည်သူများအား မီးဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား သိရှိနိုင်စေရန်အတွက် မီးဘေးမြေစိုက်ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar_fir #krn_jan2021

  • မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ ဥမှင်ကုန်းကျေးရွာအုပ်စု၊ တောင်ပုတ်စုကျေးရွာတွင် (၂၇-၁-၂၀၂၁) ရက်နေ့၌ ရေနွေးအိုးတည်ရာ ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ တစ်ဦးလျှင် (၂) ခုနှုန်းဖြင့် ဘေးသင့်လူဦးရေ (၄) ဦးအတွက် အဝတ် Mask (၈) ခုနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀) ကျပ်အား … Read more

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၁) ရက်နေ့၊ (၁၂:၀၀) အချိန်မှ (၁၆:၀၀)အချိန်အထိ ဖောင်းပြင်မြို့နယ်၊ အုန်းသာကျေးကျေးရွာအုပ်စု၊ သက္ကယ်ကျင်းကျေးရွာ၊ ညောင်ပင်သာကျေးရွာနှင့် ရောင်းဟီးကျေးရွာများအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2021 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)