လေဘေးသင့်ပြည်သူနှင့် မိုးကြိုးထိမှန်၍ သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၁) ရက်နေ့တွင် နမ်စန်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နမ်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ ပုတ်ပျံကျေးရွာ၌ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် နေအိမ်(၁၁)လုံး အမိုးလန်ပျက်စီးခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုအလိုက် သတ်မှတ်ထောက်ပံ့နှုန်းထားအတိုင်း အိမ်ဆောက်ပစ္စည်းဖိုးစုစုပေါင်းငွေ (၁,၀၆၅,၆၀၀) ကျပ်နှင့် (၈-၆-၂၀၂၁) ရက်နေ့တွင်နမ်စန်မြို့၊ မက်မွန်းမုန်းကျေးရွာအုပ်စု၊ အမှတ်(၂)ကျေးရွာ၌ မိုးကြိုးထိမှန်၍ သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ် တို့အား (၁၀-၅-၂၀၂၁) ရက်နေ့၊ မွန်းလွဲပိုင်း(၁၄:ဝ၀)အချိန်တွင် နမ်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများနှင့် သေဆုံးသူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw_tls
#shn_jun2021

Sign Up

Upcoming Events