လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် Cyclone Shelter ဆောက်လုပ်ထားရှိမှုအခြေအနေနှင့် ပြည်မူလတန်းကြိုကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေးနေမှုသတင်း

၂၀၂၁ခုနှစ်၊ ဇွန်လ(၁၂) ရက်နေ့                                                                              ပြည်မြို့

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်နှင့်အတူတာဝန်ရှိသူများလိုက်ပါလျက် (၁၁-၆-၂၀၂၁)ရက်နေ့မွန်းလွဲပိုင်းတွင်  ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ မင်းရပ် ရပ်ကွက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကျပ်သန်း(၁၀၀)ဖြင့်  “Marked Panorama Co., Ltd” က တင်ဒါအောင်မြင်ဆောက်လုပ်ပြီးစီးခဲ့သော အလျား(၉၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၈)ပေရှိ Cyclone Shelter ဆောက်လုပ်ထားရှိမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်မင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ခိုလှုံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့်  Cyclone Shelter ဆောက်လုပ်ထားရှိမှုအခြေအနေ၊ ခြံစည်းရိုးကာရန်နိုင်ရေးဆောင်ရွက်ခဲ့မှု ပြုပြင်ထိန်းသိမ်းရေး အတွက် ကြီးကြပ်ဆောင်ရွက်ထားရှိမှု COVID-19 ဒုတိယလှိုင်းဖြစ်ပွားချိန်တွင် Quarantine Center အဖြစ်အသုံးပြုခဲ့မှုအခြေအနေ လက်ရှိတွင်လည်း လူဦးရေ(၂၄)ဦးအထိ Social Distancing ပုံစံဖြင့် Quarantine ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက Shelter အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌပြည်ထောင်စုဝန်ကြီးက(၂၇-၅-၂၀၂၁)ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ(၁/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်ဆုံးဖြတ်ခဲ့သည့်အတိုင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ Shelter အမျိုးမျိုးအား တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများ၏ ပုံသေပိုင်ပစ္စည်းစာရင်းသွင်း ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများက တာဝန်ယူကြီးကြပ်ဆောင်ရွက်သွားရန်နှင့် Shelter များ၏ ဘေးပတ်ဝန်းကျင်တွင် အရိပ်ရ လေကာပင်များအား သင့်တော်သောအကွာအဝေးတွင် စနစ်တကျ ရှင်သန်အောင် ဂရုတစိုက် စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မူလတန်းကြိုကျောင်းသို့ ရောက်ရှိကြရာတာဝန်ရှိသူများက COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မူလတန်းကြိုကျောင်းများခေတ္တ ပိတ်ထားခဲ့ရာမှ ယခုအခါ Social Distancing ပုံစံဖြင့် ခွင့်ပြုချက်ရရှိသည့်အချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကလေးဦးရေ(၂၃၀)ဆံ့ ပြည်မူလတန်းကြိုကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စာသင်ခန်း၊ ကလေးများ ကစားရာနေရာ၊ သင်ထောက်ကူအသုံးအဆောင်ပစ္စည်းများနှင့် ထမင်းစားခန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုကျောင်းပြန်လည် ဖွင့်လှစ် နိုင်ရေးသည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းလုပ်ငန်းတွင် အရေးကြီးသည့် လုပ်ငန်း စဥ်တစ်ရပ် ဖြစ်သည့်အတွက်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးသက်ဆိုင်သူအားလုံးအဘက်ဘက်မှ ဝိုင်းဝန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

#hl1
#bgo_jun2021
Source: MOSWRR

Sign Up

Upcoming Events