လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၁) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ(၁၈)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဘိုး (၃၇,၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၇,၈၀၀) ကျပ်၊ လေဘေးသင့်အိမ်ထောင်စု(၃)စုမှ အိမ်ထောင်စု(၁) စုအတွက် (၄၆,၀၃၆) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါတစ်ပုံးတို့အား (၁၃-၆-၂၀၂၁) ရက်နေ့ (၁၁:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#tny_jun2021

Sign Up

Upcoming Events