ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄)နှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

    နေပြည်တော်၊ မတ်လ ၁၀ ရက် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄)နှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာကိစ္စရပ်များသည် နိုင်ငံတော်နှင့် မိသားစု များအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်လုပ်ငန်းများဖြစ်ပါကြောင်း၊ မိသားစုများတွင် သားသမီးများ … Read more

  • အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား (၂၀၂၁ခုနှစ်) ကျင်းပခြင်း

    နေပြည်တော် မတ် ၈ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား (၂၀၂၁ ခုနှစ်) ကို  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ online စနစ်၊ Hybrid ပုံစံဖြင့် ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဒုတိယဝန်ကြီးများ၊ မြန်မာ … Read more

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာအစည်းအ‌ဝေးကျင်းပမှုသတင်း

     ၃ မတ်လ၊  နေပြည်တော်                  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် ယင်းဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်‌‌ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်အား တာဝန်ခန့်ထားခံရမှုအတွက် ဂုဏ်ပြုကြိုဆိုပါ‌ကြောင်း၊ ဝန်ကြီးဌာနနှင့် ပတ်သက် ၍ ကျွမ်းကျင်သူဖြစ်သည့်အတွက်ဌာန ကောင်းကျိုးအတွက်ပိုမိုဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ရာ ဒုတိယ ဝန်ကြီးက မိမိအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနတွင် … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့၊ ဘေးမဲ့ရပ်ကွက်၊ အေးကုန်းရပ်တွင် (၂.၃.၂၀၂၁)ရက်နေ့တွင် မီးကြွင်း မီးကျန်မှတဆင့် (၃x၃) ပင် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာဖိုး(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၀၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်သို့ (၃.၃.၂၀၂၁)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_mar2021 Source:  ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်မုဒုံမြို့နယ်၊ ကမာ ဝက်မြို့၊ ထောင်ကေးရပ်ကွက်၌ (၂၈-၂-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၁-၃-၂၀၂၁) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၂-၂၀၂၁)ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာအုပ်စု၊​ ကြိုးဝိုင်းကျေးရွာရှိ ကြိုးဝိုင်းဘုန်းတော်ကြီးကျောင်းဆောင် (၁)ဆောင် မီးဘေးသင့်မှုကြောင့် ဘုန်းတော်ကြီး ကျောင်းဆောင် (၁)ဆောင် အတွက်​ အိမ်ဆာက်ပစ္စည်း (၃၀၀,၀၀၀/-)ကျပ်အား (၁-၃-၂၀၂၁) ရက်နေ့တွင် (၁၅:၀၀)နာရီအချိန်တွင် ကြိုးဝိုင်း ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ကြိုးဝိုင်းဘုန်းတော်ကြီးကျောင်း ဂေါပကတို့ထံ လက်ဝယ် အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_mar2021 Source:  ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)