ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လားရှိုးမြို့နေ ပြည်သူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၆-၇-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်(၁)၊ ပါရမီလမ်း၌ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် ပေးခြင်း၊ Mask များဖြန့်ဝေပေးခြင်းနှင့် အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းတာခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်‌ရောဂါနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးဆောင်ရွက်ခြင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ ရမည်းသင်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ရမည်းသင်းမြို့နယ်အတွင်းရှိ ကတင်ကျေးရွာအုပ်စုနှင့် ပေါက်အိုင်ကျေးရွာအုပ်စု၊ ကတင်ရွာ၊ နေပူကုန်းရွာ၊ ဘုမ္မရွာ၊ ဇီးဖြူကန်ရွာ၊ ပေါက်အိုင်ရွာ၊ ဆားကျင်း(တ)ရွာနှင့် ဆားကျင်း(မ)ရွာများသို့ (၁၅-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးစက်‌ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရမည်းသင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_jul 2021

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၇.၂၀၂၁)ရက်နေ့တွင့် အဖွဲ့(၂)ဖွဲ့ခွဲ၍‌ ဆောင်ရွက်ခဲ့ရာ အဖွဲ့(၁)မှ စဝ်စံထွန်းစျေး၊ ရဲဘော် ဈေးနှင့် Ocean Center တို့တွင် လည်းကောင်း၊ အဖွဲ့(၂)မှ မြို့မဈေး၊ ဘူတာဈေးနှင့် အမှတ်(၅)ဈေးတို့တွင်  Covid-19 ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံမှု ပိုမိုမဖြစ်ပွားစေရန်အတွက်ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့ စက်ဖြင် နှိုးဆော်ခြင်း၊ Covid-19 ‌ရောဂါအသိပညာပေးလက်ကမ်း စာစောင်နှင့် တစ်ခါသုံး Mask (၃၀၀၀) ခု ဝေငှခြင်းအစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more

  • COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့နေ ပြည်သူများ COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၅-၇-၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် နားမခေါ်ယာဉ်ရပ်နားစခန်း၌  အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး လက်သန့် ဆေးရည်ဖြင့် လက်သန့်စင်ပေးခြင်း၊ Mask များဖြန့်ဝေခြင်းနှင့် အပူချိန်တိုင်းကိရိယာ​ဖြင့် အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးနှင့် ရမည်းသင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် (၁၄-၇-၂၀၂၁)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2021 Source: မန္တလေးတိုင်းဒေသကြီး (ဘစမ)

  • ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီတို့၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ အသီးသီးကျင်းပပြုလုပ်

    ဇူလိုင်လ ၁၄ ရက်၊ နေပြည်တော် “ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ” ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း‌အဝေးခန်းမ၌ Onlineဖြင့်ကျင်းပရာ ဘဏ္ဍာငွေ ရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ … Read more