ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့နေ ပြည်သူများ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  (၁၄-၇-၂၀၂၁) ရက်နေ့ နံနက်ပိုင်း၌ နားမခေါ်ယာဉ်ရပ်နားစခန်းတွင် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ပေးခြင်း၊ Mask များပေးဝေခြင်း၊ အပူချိန်တိုင်းကိရိယာ​ဖြင့် အပူချိန်တိုင်းပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jul2021

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ  သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံး၊ တံတားဦး မြို့နယ်ဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န် ရှိသူများသည် (၁၃-၇-၂၀၂၁) ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ တံတားဦးမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများသို့ သွားရောက်၍ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2021 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၇-၂၀၂၁)ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာ၌ ရုတ်တရက် လေပြင်း တိုက်ခတ်မှုကြောင့် ဓနိမိုး၊ ထရံကာ၊ ပျဥ်ခင်း နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရာ အဆိုပါ လေဘေးသင့် ပြိုကျပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈,၄၀၀/-)ကျပ်နှင့် (၄၆၀၃၆/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)ပုံးတို့အား (၁၃-၇-၂၀၂၁)ရက်နေ့ (၁၀:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jul2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄.၇.၂၀၂၁) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်ပိတ်ကျေးရွာတွင် ရေနံဆီမီးခွက်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် (၁)ဦး သေဆုံး၍ (၁)ဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀/-)ကျပ်အား (၁၃-၇-၂၀၂၁) ရက်နေ့(၁၀:၃၀) အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #tny_jul 2021

  • လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ တက်ရောက်ခြင်းနှင့် Video Conferencing ဖြင့် ကျင်းပပြုလုပ်သည့် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး၊ လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက် အဖွင့်အမှာစကားပြောကြား 

    နေပြည်တော်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန (EOC) အဆောက်အအုံတွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်း၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနရဲ့မူဝါဒဖြစ်တဲ့ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ် စေရေးနှင့် ဘေးဒဏ်ခံစားရသောပြည်သူများအတွက် … Read more

  • COVID-19 ကူးစက်ရော၊ သဘာဝဘေးအန္တရယ်တို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ မြို့မ(၂)ရပ်ကွက်၊ မြို့မ(၃)ရပ်ကွက်နှင့်မြို့မ(၄)ရပ်ကွက်တို့တွင် သဘာဝဘေးအန္တရာယ်နှင့် COVID-19 ကူးစက်ရောဂါကာကွယ်ရေးအသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jul2021