လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးနှင့် ရမည်းသင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် (၁၄-၇-၂၀၂၁)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_jul2021
Source: မန္တလေးတိုင်းဒေသကြီး (ဘစမ)