ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဖိုးလေးလုံးကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသ ကြီး၊ မကွေးမြို့နယ်၊ ဖိုးလေးလုံးကျေးရွာ၌ (၁၂-၅-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ပြိုကျအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂ဝဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀ဝ/-) ကျပ်နှင့် ပြိုကျအိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၁၄-၅-၂၀၂၁) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် … Read more

  • မြန်မာ-ထိုင်း ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ရေးထိုးရေးဆွေးနွေးပွဲကျင်းပမှုသတင်း

    ၁၂.၅.၂၀၂၁ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပသော မြန်မာ-ထိုင်း ရွှေ့ပြောင်း သွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာရေးထိုး နိုင်ရေးဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ မြန်မာနှင့် ထိုင်း နှစ်နို်ငငံတို့အကြား ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ခြင်းသည် မြန်မာရွှေ့ပြောင်းကလေးများအတွက် များစွာအကျိုးရှိပါကြောင်း၊ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ မြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ဒုံဝန်းကျေးရွာနှင့် ကမာစိုင်ကျေးရွာတို့၌ (၆-၅-၂၀၂၁) ရက်နေ့ (၂၀:၀၀) နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၆)လုံး၊ တစိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၈၁) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်းတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၁၀၅,၀၀ဝ/-)ကျပ် နှင့် လူဦးရေ စုစုပေါင်း (၃၉၉) ဦးတို့အတွက်  … Read more

  • Early Childhood Intervention (ECI) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပခြင်း

    နေပြည်တော်၊ မေလ ၁၀ ရက် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း (Early Childhood Intervention- ECI) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့၊နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပပြု လုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက် … Read more

  • လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    ၁၀-၅-၂၀၂၁ လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းစီမံချက်အပေါ် ညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ (၂း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကား ပြောကြားရာ၌ နိုင်ငံသူ၊ နိုင်ငံသားများအား ထိရောက်သော လူမှုရေးဝန်ဆောင်မှုနှင့် အထောက်အပံ့များပေးအပ်နိုင်ရေး ဆောင်ရွက်ရာမှာ လူမှုရေးပညာဟာ အရေးကြီးသော ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ကျွမ်းကျင်သော လူမှုဝန်ထမ်းသမားများ မွေးထုတ်ပေးနိုင်ရေး အတွက် လူမှုရေးပညာတက္ကသိုလ်တစ်ခု မဖြစ်မနေလိုအပ်ပါကြောင်း၊ အဆိုပါ တက္ကသိုလ်ဖွင့်လှစ် နိုင်ရေးအတွက် … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း (၆.၅.၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၇၀၀၀၀ဝိ/_)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၂၄၀၀၀ဝိ/_)၊ အိမ်ထောင်စု(၃၉)စု၊ လူဦးရေ (၁၆၀)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၃၃၆၀၀ဝိ/)၊ စုစုပေါင်းရန်ပုံငွေ (၃၂၇၆၀၀ဝိ/_)၊ အိမ်ထောင်စု(၁၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁၇)ပုံးတို့အား (၁၁.၅.၂၀၂၁)ရက်နေ့၊ နံနက်(၀၉:၄၅)နာရီအချိန်၌ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more