လေဘေးထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း (၆.၅.၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၇၀၀၀၀ဝိ/_)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၂၄၀၀၀ဝိ/_)၊ အိမ်ထောင်စု(၃၉)စု၊ လူဦးရေ (၁၆၀)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၃၃၆၀၀ဝိ/)၊ စုစုပေါင်းရန်ပုံငွေ (၃၂၇၆၀၀ဝိ/_)၊ အိမ်ထောင်စု(၁၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁၇)ပုံးတို့အား (၁၁.၅.၂၀၂၁)ရက်နေ့၊ နံနက်(၀၉:၄၅)နာရီအချိန်၌ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_may2021

Sign Up

Upcoming Events