Latest News
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊မေလ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁: ၀၀) နာရီအချိန် ထုတ်ပြန်ချက် “ယနေ့ မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် (၂၃-၅-၂၀၂၁) ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းရပါသည်။”
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၆-၅-၂၀၂၁) နေ့၌ ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်တွင် ခြင်နိုင်ဆေးခွေထွန်းထားရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀ဝ) ကျပ်၊ မီးဘေးသင့်သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၂,၁၀ဝ) ကျပ်နှင့် Family kits (၁)ပုံး၊ အဝတ် Mask (၂)ခုတို့အား ဘေးသင့်ပြည်သူထံသို့ (၁၉-၅-၂၀၂၀) နေ့ (၁၄:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်လူကြီးများဖြင့် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း … Read more
-
မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ၏ မိသားစုထံသို့ ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၁) ရက်နေ့ (၀၈:၃၀)အချိန်ခန့်တွင် ညောင်တစ်ပင်စွန့်ပစ်မြေစာပုံ ပြိုကျခဲ့ သဖြင့် မြေစာပုံပိ၍ လူ(၁) ဦးသေဆုံးခဲ့ရာ သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များထံသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ် တိတိအား (၁၉-၅-၂၀၂၁) ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရွှေပြည်သာကျေးရွာ (နန်စီပွန်) ရပ်ကျေးစာရေးမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #sgg_may2021 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံမှုသတင်း
၂၀၂၁ ခုနှစ် ၊ မေလ ၁၈ ရက် နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးလှမြင့်က ကော်မရှင်အား နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန်လက်ထက်မှစ၍ အဖွဲ့ဝင် ၁၅ ဦးဖြင့် … Read more
-
ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ ထောက်ပံ့ပြီးစီးမှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်း (၉-၅-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးချောင်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် ပြိုကျပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀/-)ကျပ်၊ လူဦးရေစုစုပေါင်း(၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၅၆၇၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၇၆၇၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၂)စုအတွက် ပစ္စည်းတန်ဖိုး (၉၈၀၇၂/-)ကျပ် ရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးစီတို့အား (၁၇-၅-၂၀၂၁) ရက်နေ့တွင် ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် … Read more
-
COVID-19 ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး
မေလ ၁၇ ရက် ၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနတွင် COVID-19 ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးအား ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ လက်ထောက်အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် COVID-19 ကြောင့် ခေတ္တ … Read more









