COVID-19 ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး


မေလ ၁၇ ရက် ၊ နေပြည်တော်
လူမှုဝန်ထမ်းဦးစီးဌာနတွင် COVID-19 ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးအား ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ လက်ထောက်အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် COVID-19 ကြောင့် ခေတ္တ ရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် စီမံချက်များသည် အလွန်အရေးကြီးပါကြောင်း၊ ဥပမာ-မူလတန်းကြိုကျောင်းများ ပြန်လည်ဖွင့်လှစ် ရတဲ့အချိန်တွင် အဆင်သင့်ဖြစ်ရေးစီစဉ်နေတာရှိသလိုကျန်တဲ့လုပ်ငန်းများလည်း ဆက်လက် ဆောင်ရွက်ဖို့စီစဉ်နေတာတွေရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များနဲ့အညီ Social Distancing နှင့် ဖွင့်နိုင်ရေးစီစဉ်နေပြီဖြစ်ကြောင်း၊ COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဒီနေ့အစည်းအဝေးမှာလည်း COVID-19 နဲ့ပတ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရန်ကိုလည်း ဆွေးနွေးစေလိုပါကြောင်း၊ Reporting System သည် အရေးကြီးပါကြောင်း၊ မုတ်သုန်ရာသီရောက်ပြီး ဖြစ်တဲ့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကြိုတင်ခန့်မှန်းလို့ရသည့် သတင်းအချက်အလက်များကိုရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ဥပမာ-ငလျင်ဘေး အန္တရာယ်နှင့် ကြုံတွေ့ရလျှင် မည်သို့ဆောင်ရွက်သင့်သည်ကို အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးမှ ပြောကြားရာတွင် မူလဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်ရှိသည့်ကိစ္စများ၊ ထပ်မံဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပုဂ္ဂလိကအထူး ပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရန်များကို အထူး အလေးပေးဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ပြင်ဆင်ဖွဲ့စည်း ခြင်း၊ အမျိုးသမီးများအပေါ် ကြမ်းဖက်မှုတားဆီးကာကွယ်ရေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်မှု၊ မသန်စွမ်းသင်တန်းကျောင်း (၇)ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အစီအစဉ်များ၊ ပုဂ္ဂလိက မသန်စွမ်းသက်မွေးပညာသင်အထူး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအစီအစဉ်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး မူဝါဒ(မူကြမ်း) ရေးဆွဲခြင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)ရေးဆွဲခြင်း၊ လူငယ်ရေးရာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အစီအစဉ်များ၊ မူလတန်းကြိုကျောင်းများ အနေဖြင့် ဆောင်ရွက်ရမည့် ကျောင်းအတွင်း/အပြင် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များအား Power point များဖြင့် အသီးသီးရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး တို့မှ ဆက်လက် လုပ်ဆောင်ရမည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#hl2
#npw_may2021

Source: MSWRR

Sign Up

Upcoming Events