ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ ရွှေကျင်မြို့နယ်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၁)ရက်နေ့၌ ရွှေကျင်မြို့နယ် သံဆိပ်ကျေးရွာအုပ်စု၊ သံဆိပ်ရွာမကျေးရွာနှင့် ပန်းအင်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးလန်နေအိမ်(၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၄၀၀၀၀/-) ကျပ်၊ လူဦးရေ(၄၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၈၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၈၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိူးပါ (၃) အိမ်ထောင်စာတို့အား(၂-၈-၂၀၂၁) ရက်နေ့(၁၃:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေကျင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_aug_2021

  • ရေဘေးသင့်ပြည်သူများအတွက်‌ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁)ရက်နေ့မှစ၍ တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် (၁-၈-၂၀၂၁) ရက်နေ့တွင် ချောင်းကြီးဘုန်းကြီးကျောင်း ယာယီ ကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၇)ဦး၊ မြေမအုံကျေးရွာရှိ Multipurpose Shelter ယာယီကယ်ဆယ်ရေး စခန်းသို့ ထပ်မံပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၉)စု၊ လူဦးရေ (၁၉၁)ဦး၊ ( ၂-၈-၂၀၂၁)ရက်နေ့တွင် ချောင်းကြီး ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၂)စု၊ လူဦးရေ(၁၂)ဦး၊ … Read more

  • ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ လှည်းမှောက်အုပ်စု၊‌ ရေထွက်ခုံကျေးရွာတွင် (၂၇-၇-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်( ၂၀၀ဝဝဝိ/-)ကျပ် ၊ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ ငွေကျပ်(၂၁၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၂၂၁၀၀ဝိ/-)ကျပ်နှင့် ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် (၂၇-၇-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သောလူနေအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၀ဝဝဝိ/-)ကျပ် ၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ ကျပ်(၁၈၉၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးကျပ် (၁၈၈၉၀ဝိ/-) ကျပ်တို့အား(၁-၈-၂၀၂၁) … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ရှမ်းဝတီးကျေးရွာတွင် (၂၂-၇-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၃၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၅၆၀၀/-)ကျပ်အား (၃၁-၇-၂၀၂၁) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_aug_2021

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂)ရက်၊ (၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁) ပေခန့်ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၂)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

  • ရေဘေးသင့်ပြည်သူများအတွက်‌ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁) ရက်နေ့ တွင် တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် တပ်ဦး အမကကျောင်း ယာယီကယ်ဆယ်ရေးစခန်း သို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့်  အိမ်ထောင်စု (၄) စု၊  လူဦးရေ (၁၈)ဦး၊ မြသီတာ ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းများသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၁)စု၊ လူဦးရေ (၆)ဦး၊ ချောင်းကြီးဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၃) စု၊ လူဦးရေ (၁၇)ဦး၊ မြန်မာအင်းတော် အမက ကျောင်းယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွေ့ နေထိုင်လျက်ရှိသည့် … Read more