ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း နှင့်တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၁) ရက်နေ့၊ (၁၈:၀၀)နာရီအချိန်တွင် ဖာပွန်-ကမမောင်း ကားလမ်းပေါ်တွင် ကန့်လန့်ဖြတ်ဆွဲ ထားသည့် ဒေသန္တရလက်လုပ်မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ ငွေ (၃၀၀,၀၀၀/-)ကျပ်နှင့် ဒဏ်ရာရရှိသူ (၂) ဦးတို့ အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်တို့အား (၃-၈-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီ အချိန်ခန့်တွင် လက်ဝယ်အရောက်​သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kyn_aug2021 … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၄) ရက်၊(၁၁:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) သောင်ရင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ————————————————– ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁) ပေခွဲခန့်ကျော်လွန် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည်နောက် (၁)ရက်အတွင်း(၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် ————– သို့ဖြစ်ပါ၍မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ််ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၁)ရက်နေ့၌ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဝါဆိုရပ်ကွက်၊ (၂)လမ်း တွင်ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၃)လုံး၊ ပြိုလဲနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၇၀၀၀ဝိ/-)၊ လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၉၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၉၉၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁) အိမ်ထောင်စာနှင့် (၁၆)မျိုး(၁)အိမ်ထောင်စာ၊ ကတ္ထူစက္ကူပုံး(၂)ပုံးတို့အား (၃-၈-၂၀၂၁) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_aug_2021

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာဆွေးမျိုးနေအိမ်များသို့ ထပ်မံပြောင်းရွှေ့လာသော အိမ်ထောင်စု(၁၈၆)စု၊ လူဦးရေ (၈၂၇)ဦးတို့အတွက် (၁)ပတ်စာ ဆန်ရိက္ခာဖိုးငွေ (၁၇၃၆၇၀၀/-)ကျပ်အား (၂-၈-၂၀၂၁)ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kyh_aug_2021

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၇-၂၀၂၁)ရက်နေ့တွင် မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက်၊ ပန်စရာရပ်၊ အေးရိပ်သာလမ်းသွယ်(၂)တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် အနောက်ဘက်အမိုးပေါ်သို့ သစ်ပင်ပြိုလဲခဲ့ကာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လေဘေးသင့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀,၀၀၀/-)ကျပ်၊ ဘေးသင့် လူဦးရေ(၆)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂,၆၀၀/-)ကျပ်တို့အား(၂-၈-၂၀၂၁)ရက်နေ့(၁၄း၂၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_aug2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း မြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာနှင့် အသုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဆေးရုံကွက်သစ် (၁) လမ်း၌ (၂၂-၇-၂၀၂၁) ရက်နေ့တွင် ​​​​ ဖြစ်ပွားခဲ့သော​ လေ​ဘေးကြောင့် ဘေးသင့်အမိုးလန်ပျက်စီးနေအိမ်(၂ ) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ​လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇)ရက်စာ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂,၆၀ဝ/-)ကျပ်တို့အား (၂-၈-၂၀၂၁) ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ … Read more