ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ လှည်းမှောက်အုပ်စု၊‌ ရေထွက်ခုံကျေးရွာတွင် (၂၇-၇-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်( ၂၀၀ဝဝဝိ/-)ကျပ် ၊ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ ငွေကျပ်(၂၁၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၂၂၁၀၀ဝိ/-)ကျပ်နှင့် ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် (၂၇-၇-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သောလူနေအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၀ဝဝဝိ/-)ကျပ် ၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ ကျပ်(၁၈၉၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးကျပ် (၁၈၈၉၀ဝိ/-) ကျပ်တို့အား(၁-၈-၂၀၂၁) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသများသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ha_sgw
#ayy_aug_2021

Sign Up

Upcoming Events