ရေဘေးသင့်ပြည်သူများအတွက်‌ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁) ရက်နေ့ တွင် တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် တပ်ဦး အမကကျောင်း ယာယီကယ်ဆယ်ရေးစခန်း သို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့်  အိမ်ထောင်စု (၄) စု၊  လူဦးရေ (၁၈)ဦး၊ မြသီတာ ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းများသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၁)စု၊ လူဦးရေ (၆)ဦး၊ ချောင်းကြီးဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၃) စု၊ လူဦးရေ (၁၇)ဦး၊ မြန်မာအင်းတော် အမက ကျောင်းယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွေ့ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၇)စု၊ လူဦးရေ (၄၅)ဦး၊ ကျောက်မီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေထိုင် လျက်ရှိသည့် အိမ်ထောင်စု (၁)စု၊ လူဦးရေ (၄)ဦး၊ မြေမအုံကျေးရွာရှိ Multipurpose Shelter ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၂၀)စု၊ လူဦးရေ (၁၁၄)ဦး၊ ပျို့အိုင်ကျေးရွာ မူလွန်ကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံ ပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၉)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၈)စု၊ စုစုပေါင်းလူဦးရေ (၂၂၃)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၄၆၈,၃၀၀/-)ကျပ်တို့အား (၁-၈-၂၀၂၁)ရက်နေ့ (၁၄းဝဝ)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_fld

#tny_aug2021

Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

 

 

Sign Up

Upcoming Events