Latest News
-
မြစ်ရေကြီးခြင်းသတိပေးချက်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁)ရက်၊ (၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည်ရွှေကျင်မြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည်မဒေါက်မြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည်ဘီးလင်းမြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် … Read more
-
သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၁)ရက်နေ့ (၁၀း၃၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းချောင်းနှင့် ဧရာဝတီမြစ်အနီးရှိ မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာများသို့ မိုးရာသီ၌ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများကြိုတင်ပြင်ဆင်နိုင်ရန်၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများအား ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_aug_2021
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁)ရက်နေ့၌ လေးမျက်နှာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တောင်ကျချောင်းရေကြောင့် ရေကြီးနစ်မြုပ်သဖြင့် ကျားကိုက်ဘုန်းကြီးကျောင်းနှင့် စောပြာလမ်းဘေးရှိ ဂိုဒေါင်တို့တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၁၄)စုမှ လူဦးရေ(၅၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၀၇၁၀၀/-)ကျပ်နှင့် ရေကြီးမှုကြောင့် ချောင်းရိုးတစ်လျှောက် မျောပါသွားသူ (၂)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်နှင့် ရွှေ့ပြောင်းအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၆၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၈၁၃၄၀၀/-)ကျပ်တို့အား (၃၁-၇-၂၀၂၁)ရက်နေ့(၁၁း၃၀)အချိန်၌ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #ayy_aug_2021
-
လေဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်း (၂၄-၇-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကြပျက်စီးနေအိမ်(၁၃)လုံးနှင့် တစ်စိတ်တပိုင်းပျက်စီးအိမ်ခြေ(၁၀)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၁၀,၀၀၀)ကျပ်၊ လူဦးရေ(၉၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၉,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၉၉,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁၃)ပုံးတို့အား (၃၁-၇-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jul2021
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၂း၀၀) နာရီ အချိန်မှ (၂၉-၇-၂၀၂၁) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်ထိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့လာသော ထပ်တိုးအိမ်ထောင်စု (၂၂၃) စုမှ ကျား (၄၃၃) ဦး၊ မ (၄၂၄) ဦး၊ စုစုပေါင်း (၈၅၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၇၉၉,၇၀၀/-) ကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့များထံသို့ … Read more
-
လေဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်း (၂၂-၇-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀,၀၀၀)ကျပ်၊ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၆,၃၀၀) ကျပ်တို့အား (၃၁-၇-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jul2021









