Latest News
-
မိုးကြိုးဘေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု ၊ ဟိုနား(ရှမ်း)ကျေးရွာ၌ (၇ .၆ .၂၀၂၁)ရက်နေ့ (၁၄:၀၀ ) နာရီ အချိန်ခန့်တွင် မိုးကြိုးထိမှန် သေဆုံးခဲ့သူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/)ကျပ်အား (၁၀.၆.၂၀၂၁) ရက်နေ့(၁၄:၀၀) အချိန်တွင် ၄င်း၏မိသားစု ထံသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mon_jun2021
-
အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ACDM) နှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများနှင့် အာဆီယံကဏ္ဍအလိုက်အဖွဲ့အစည်းများ ၏အစည်းအဝေးသို့ တက်ရောက်
နေပြည်တော်၊ ဇွန် ၁၀ (၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖြစ်သည့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ACDM) နှင့် တရုတ် နိုင်ငံ၊ ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများနှင့် အာဆီယံ ကဏ္ဍအလိုက်အဖွဲ့အစည်းများ၏အစည်းအဝေးကို (၁၀-၆-၂၀၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈:၃၀) နာရီအချိန်မှစ၍ Video Conferencing ဖြင့်ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့်ဌာနများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၊ AHA Centre၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှတာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ … Read more
-
သာယာဝတီမြို့အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့၊ ကျေးရွာအုပ်စု (၅) အုပ်စုတို့၌ (၅-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုလဲအိမ်ခြေ (၁၁) လုံးနှင့် အမိုးလန်အိမ်ခြေ (၂၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁,၈၈၅,၀၀၀/-) ကျပ်၊ လူဦးရေ (၁၁၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၄၉,၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၁) အိမ်ထောင်စာတို့အား (၈-၆-၂၀၂၁) ရက်နေ့တွင် … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၁) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သာယာဝတီခရိုင်၊ အုတ်ဖို မြို့နယ်၊ ပြိုလဲအိမ်ခြေ (၁) လုံးနှင့် အမိုးလန်ပျက်စီးအိမ်ခြေ (၁)လုံးတို့မှ အိမ်ထောင်စု(၂)စု လူ (၆)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၅၀၀၀၀/-)ကျပ်၊ ဆန်ဖိုး (၁၂၆၀၀/-)ကျပ်၊ စုစုပေါင်း (၁၆၂၆၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိးပါ အိမ်ထောင်စု (၁) စုစာတို့အား (၉-၆-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2021 Source: … Read more
-
မိုးကြိုးဘေးကြောင့် သေဆုံး၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၁) ရက်နေ့၌ဆီဆိုင် မြို့နယ်၊ မြကန်သာရပ်ကွက်နှင့် (၅-၆-၂၀၂၁)ရက်နေ့၌ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ညောင်ကိုင်း ကျေးရွာတွင်မိုးကြိုးထိမှန်၍ သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့ငွေကျပ် (၆၀၀၀၀၀/-)နှင့် ဒဏ်ရာရသူ(၂)ဦး အတွက်ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀/-) စုစုပေါင်း ထောက်ပံ့ ငွေကျပ် (၇၀၀၀၀၀/-)ကျပ်အား (၉-၆-၂၀၂၁)ရက်နေ့၊ နေ့လည်(၁၄းဝ၀) အချိန်တွင် ဆီဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mon_jun2021
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၁) ရက်နေ့၌ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ ပချားကလိုး(ပေါ်)ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ ဘေးသင့်လူဦးရေ(၁၂)ဦး အတွက်ဆန်ရိက္ခာ (၇) ရက်စာ (၂၅,၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀ဝ၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၅,၂၀၀) ကျပ်နှင့် ပစ္စည်းတန်ဖိုး (၁၆၆,၃၀၈) ကျပ်အား (၉-၆-၂၀၂၁) ရက်နေ့၊ (၁၄:ဝ၀) အချိန်တွင် ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူထံသို့ … Read more









