မိုးကြိုးဘေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု ၊ ဟိုနား(ရှမ်း)ကျေးရွာ၌ (၇ .၆ .၂၀၂၁)ရက်နေ့ (၁၄:၀၀ ) နာရီ အချိန်ခန့်တွင် မိုးကြိုးထိမှန် သေဆုံးခဲ့သူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/)ကျပ်အား (၁၀.၆.၂၀၂၁) ရက်နေ့(၁၄:၀၀) အချိန်တွင် ၄င်း၏မိသားစု ထံသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_tls
#mon_jun2021

Sign Up

Upcoming Events