Latest News
-
လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၆-၂၀၂၁) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်၊ ကယ်ဆယ်ရေးရပ်၊ လူနေအိမ်(တစ်စိတ်တစ်ပိုင်းပျက်စီး)(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၀,၀၀ဝ) ကျပ်၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၄,၁ဝဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၄,၁ဝဝ) ကျပ်တို့ကို (၁၆-၆-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရိအချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ထမ္မရာဇ်ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၆-၆-၂၀၂၁ ရက်နေ့တွင် မုတ်သုံအကြိုကာလဖြစ်သဖြင့် လေပြင်းတိုက်ခတ်မှု၊ မုန်တိုင်းအန္တရာယ်နှင့် ရေကြီးမှုအန္တရာယ်များအတွက် သတိထားကြိုတင်ပြင်ဆင်နိုင်စေရန် လူစည်ကားရာနေရာများဖြစ်သော ဈေးနှင့် ဘဏ်တို့၌ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jun2021
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ဇွန် (၁၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၁) ရက်နေ့ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကုလားကျွန်းကျေးရွာအုပ်စု၊ အလယ်စု ကျေးရွာတွင် (၁၄.၆.၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာရန်ပုံငွေ (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၁၈၉၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၃)ပုံးတို့အား (၁၅.၆.၂၀၂၁)ရက်နေ့၊ (၁၁:၃၀)နာရီ အချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2021 … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း လှည်းဆိပ်တူးမြောင်းကျေးရွာအုပ်စုတွင် (၁၂.၆.၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာရန်ပုံငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံးတို့အား (၁၄.၆.၂၀၂၁) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့် ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2021 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၁) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ(၁၈)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဘိုး (၃၇,၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၇,၈၀၀) ကျပ်၊ လေဘေးသင့်အိမ်ထောင်စု(၃)စုမှ အိမ်ထောင်စု(၁) စုအတွက် (၄၆,၀၃၆) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါတစ်ပုံးတို့အား (၁၃-၆-၂၀၂၁) ရက်နေ့ (၁၁:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more









