Latest News
-
မြစ်ရေကြီးခြင်းသတိပေးချက် သတင်း
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ (၀၉:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ==================================== ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည်ဘားအံမြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည်ဘီးလင်းမြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။သို့ဖြစ်ပါ၍ ဘားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃.၇.၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာအုပ်စု၊ ကျေးရွာအနောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးများလန်ထွက်ပျက်စီး ပျောက်ဆုံးခဲ့ သည့် လူနေအိမ်(၁၂)လုံးမှ အိမ်ထောင်စု(၁၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၅,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၄၇)ဦး အတွက်(၇)ရက်စာ ဆန်ဖိုးငွေ(၉၈,၇၀ဝိ/-)အားလည်းကောင်း၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ မြိုင်ကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်အမိုးများ လန်ထွက်ပျက်စီးပျောက်ဆုံးခဲ့သည့် လူနေအိမ်(၃)လုံးမှ အိမ်ထောင်စု(၃)စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၅,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၁၄)ဦး အတွက်(၇)ရက်စာ ဆန်ဖိုးငွေ(၂၉,၄၀ဝိ/-)တို့အား … Read more
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၇.၂၀၂၁)ရက်နေ့၌ဖြစ်ပွားခဲ့သော မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာအုပ်စု၊ ကျေးရွာအရှေ့ပိုင်း၊ ကွက်သစ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ တန်ဖိုးငွေ (၄၆,၀၃၆/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၄)ဦး အတွက်(၇)ရက်စာ ဆန်ဖိုးငွေ (၈,၄၀ဝိ/-)တို့အား (၂၆.၇.၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူထံလက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_jul2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး … Read more
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၂၁)ရက်နေ့(၀၆:၃၀)နာရီ အချိန်ခန့်တွင်မွန်ပြည်နယ် သထုံခရိုင်၊ သထုံ မြို့နယ် ဒေးဗရိမ်းကျေးရွာအုပ်စုတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်တစိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၇၂၀၀ဝ/-)ကျပ် နှင့်လူဦးရေ စုစုပေါင်း(၉)ဦးတို့အတွက် (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ/-) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၉၀၉၀ဝ/-)ကျပ်အား (၂၆-၇-၂၀၂၁)ရက်နေ့ (၁၆:၀၀) နာရီအချိန်ခန့်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_jul2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ အင်းဂနီတွင်းကျေးရွတွင် မြေပြိုဘေးသင့်အိမ်ခြေ (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၄၆)ဦး အတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၉၆,၆၀၀/-) ကျပ်နှင့် ဒဏ်ရာရရှိသူ(၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) စုစုပေါင်းထောက်ပံ့ငွေ (၁,၀၉၆,၆၀၀) ကျပ်နှင့် အိမ်ထောင်စု (၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၆)စု တို့အား (၂၆-၇-၂၀၂၁)ရက်နေ့၊ (၁၃:၃၀)အချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #tny_jul2021 Source: … Read more
-
Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေးမှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၁)ရက်နေ့တွင် ကလောမြို့နယ်၊ အင်းနီကျေးရွာ၊ စံကားအင်းကျေးရွာနှင့် တောင်ပတ်ကျေးရွာတို့်တွင် Covid – 19ရောဂါတတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားေစရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid – 19ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask ဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး









