Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေးမှုသတင်း

လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၁)ရက်နေ့တွင် ကလောမြို့နယ်၊‌ အင်းနီကျေးရွာ၊ စံကားအင်းကျေးရွာနှင့် တောင်ပတ်ကျေးရွာတို့်တွင် Covid – 19ရောဂါတတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွား‌ေစရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid – 19ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask ဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jul2021

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events