ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ကမ်းပြိုဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာမြို့နယ်၊ အိပ်ပျက်​ကျေးရွာအုပ်စု၊ ​ဖောင်ဆိပ်​ကျေးရွာ၌ (၂-၉-၂၀၂၁) ရက်​နေ့မှ (၅-၉-၂၀၂၁) ရက်​နေ့အထိ ဖြစ်ပွားခဲ့​သော ကမ်းပြို​ဘေး​ကြောင့်  ​ရွှေ့​ပြောင်းအိမ်​ခြေ(၇၅)လုံးအတွက် အိမ်​ဆောက်ပစ္စည်းရန်ပုံ​ငွေ (၇,၅၀၀,၀၀၀) ကျပ်၊ လူဦး​ရေ (၂၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံ​ငွေ (၅၈၁,၇၀၀) ကျပ်၊ စုစု​ပေါင်းရန်ပုံ​ငွေ (၈,၀၈၁,၇၀၀) ကျပ်နှင့် Surgical Masks (၅၅၄) ခုတို့အား (၆-၉-၂၀၂၁) ရက်​နေ့ (၁၄:၃၀) နာရီတွင် ခရိုင်သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယခရိုင်အုပ်ချုပ်​ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ​သို့ လက်ဝယ်အရောက် … Read more

  • COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ သပိတ်ကျင်း မြို့နယ်ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်း မြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် (၆-၉-၂၀၂၁) ရက်နေ့တွင် ကျောက်ပန်းတောင်း မြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများ၌ COVID-19 ရောဂါနှင့်  ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2021 Source: မန္တလေးတိုင်း‌ဒေသကြီး (ဘစမ)

  • COVID-19 ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးနှင့် နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးတို့မှတာ၀န်ရှိသူများသည် (၅-၉-၂၀၂၁)ရက်နေ့တွင် ညောင်းဦးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2021 Source: မန္တလေးတိုင်း‌ဒေသကြီး (ဘစမ)

  • COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၉-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကျိုင်းတုံ​မြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု၊ ကတ်တောင်ကျေးရွာ၊ ယန်းဟောင် ကျေးရွာ၊ ကတ်ဝမ်ကျေးရွာ၊ နောင်အော့ကျေးရွာ၊ နောင်ကန်ကျေးရွာနှင့် ဝမ်ငမ်းကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့်နှိူးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2021 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၉-၂၀၂၁)ရက်နေ့၌  ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်နှင့် ဥဿာ(၁)ရပ်ကွက်တို့တွင် stay at home ကာလအတွင်း covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့် ကာကွယ်ရေးနည်းလမ်းများနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်များအား ပြည်သူများသိရှိလိုက်နာနိုင်ရေး လော်စပီကာဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရှိပါသည်။ #ar #bgo_sep2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၇-၉-၂၀၂၁) ရက်နေ့တွင် မြစ်ရေ ကြီးမှု အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၃)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါ သည်။ … Read more