Latest News
-
COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၉-၂၀၂၁) ရက်နေ့၊ ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ယန်းလော့ကျေးရွာအုပ်စု၊ ယန်းလော့ကျေးရွာ၊ နမ့်ဝန်စန့်ကျေးရွာ၊ ဝမ်လောက်ကျေးရွာ၊ ဟိုခိုကျေးရွာ၊ ဆွန်နော်ခမ်းကျေးရွာနှင့် ဝမ်နားခန်းကျေးရွာတို့တွင် COVID- 19 ရောဂါ တတိယလှိုင်းကူးစက်ပျံ့နှံ့မှုများ ပိုမိုမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့်နှိူးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များဝေငှခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2021 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၇-၉-၂၀၂၁) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဟိုပန်မြို့ရှိ ပန်လုံလမ်းရပ်ကွက်နှင့် မန်ခွန်ရပ်ကွက်တို့တွင် Covid–19 ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid-19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များ ဝေငှခြင်း အစီအစဉ်တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2021
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၇-၉-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပန်မြို့ရှိ ရုံးကုန်းရပ်ကွက်နှင့် ကောင်းဟုန်းရပ်ကွက်တို့တွင် Covid–19 ရောဂါကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid–19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များ ဝေငှခြင်း အစီအစဉ်တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2021
-
ဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၉-၂၀၂၁)ရက်နေ့၊ (၂၁:၄၀) အချိန်ခန့်တွင် ဖာပွန်မြို့၊ ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၊ အရိုးအကြောလူနာဆောင်အနီးရှိ အဆောက်အဦများသို့ လက်နက်ကြီးကျရောက်ထိမှန်ခဲ့သောကြောင့် ကိုဗစ်-၁၉ ဆေးကုသမှုခံယူနေသူ(၁)ဦးဒဏ်ရာရှိခဲ့သဖြင့် အဆိုပါဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်အား (၇-၉-၂၀၂၁)ရက်နေ့၊ (၁၀:၃၀)နာရီ အချိန်ခန့်တွင် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #krn_sep2021 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပသိပညာပေးဆောင်ရွက်မှုူသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၁) ရက်နေ့၌ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး (၁) နှင့် ရပ်ကွက်ကြီး (၂) တို့တွင် stay at home ကာလအတွင်း Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့်ကာကွယ်ရေးနည်းလမ်းများနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ ရှောင်ရန် များအား အများပြည်သူသိရှိလိုက်နာနိုင်ရေး လော်စပီကာဖြင့်လိုက်လံနှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_sep2021
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ကတ်ဖကျေးရွာ၊ ဟိုနားကျေးရွာ၊ ဝှေးဆမ်းကျေးရွာ၊ ဝမ်ဆိုင်းကျေးရွာ၊ လောင့်တောင်းကျေးရွာနှင့် ယန်းလှကျေးရွာတို့တွင် Covid–19 ရောဂါတတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid-19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များ ဝေငှခြင်း အစီအစဉ်တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2021









