ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ (၆-၉-၂၀၂၁)ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပန်မြို့ရှိ မန်မိုင်ရပ်ကွက်နှင့် နမ့်လျှံရပ်ကွက်တို့တွင် COVID–19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့်နှိူးဆော်ခြင်း၊ COVID-19 ရောဂါအသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2021 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးခရိုင်၊ မကွေးမြို့နယ်၊ မီး​သေကျေးရွာတွင် (၄-၉-၂၀၂၁) ရက်နေ့၌ ဧရာဝတီမြစ်ရေ​မြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့သောအိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၂)ဦးတို့ ပြောင်းရွှေ့မှုအတွက်  ဆန်ရိက္ခာဖိုး (၄၆,၂၀ဝ) ကျပ်တို့အား (၆-၉-၂၀၂၁) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fld #mgy_sep2021

  • ရေးဘေးသင့် ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကို၊ မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် (၂-၉-၂၀၂၁)ရက်နေ့၌ ပြောင်းရွှေ့ရေဘေးသင့်အိမ်ထောင်စု(၂၀၇)စုမှ လူဦးရေ(၅၇၅)ဦးနှင့် (၃-၉-၂၀၂၁)ရက်နေ့၌ အိမ်ထောင်စု(၈၀၃)စုမှ လူဦးရေ(၂၄၇၆)ဦးအနက် (နီးစပ်ရာဆွေမျိုးအိမ်တွင် ပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စု(၄၁)စုမှ လူဦးရေ(၁၇၆)ဦးမှအပ) ကျန်အိမ်ထောင်စု(၇၆၂)စုမှ လူဦးရေ(၂၃၀၀)ဦး၊ စုစုပေါင်းဘေးသင့်အိမ်ထောင်စု(၉၆၉)စုမှ လူဦးရေ(၂၈၇၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၆,၀၃၇,၅၀၀/-)ကျပ်အား ဖောင်းလင်းကျေးရွာအုပ်​စု၊ ရွှေစောလူးဘုရားကုန်း၊ မြောက်ရှားတောဓမ္မာရုံနှင့် ရွှေဘုံသာတန်ဆောင်းတို့တွင် (၅-၉-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းပြီး လားရှိုးမြို့နေ ပြည်သူများ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုသောလမ်းများ ရပ်ကွက်များသို့ လှည့်လည်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက် ထုတ်ပြန်ထားသောအသိ ပညာပေးစာသားများကို ဖတ်ကြားခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို (၆-၉-၂၀၂၁) ရက်နေ့၌ ပြည်​ထောင်စုလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2021

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်၊ (၀၈:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဧရာဝတီမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် … Read more

  • ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ငါးသိုင်းချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅. ၉ .၂၀၂၁)ရက်နေ့ (၁၃း၀၀) နာရီအချိန်မှ (၁၄း၃၀)နာရီ အချိနိအထိ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ကမ်းတွင် သဘာဝဘေးကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်စီမံအုပ်ချုပ်​ ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ဆည်​မြောင်းဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex #ayy_sep2021 Source: ငါးသိုင်းချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)