လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၉-၂၀၂၁)ရက်နေ့၌ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်နှင့် ဥဿာ(၁)ရပ်ကွက်တို့တွင် stay at home ကာလအတွင်း covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့် ကာကွယ်ရေးနည်းလမ်းများနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်များအား ပြည်သူများသိရှိလိုက်နာနိုင်ရေး လော်စပီကာဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရှိပါသည်။
#ar
#bgo_sep2021
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)