COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၉-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကျိုင်းတုံ​မြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု၊ ကတ်တောင်ကျေးရွာ၊ ယန်းဟောင် ကျေးရွာ၊ ကတ်ဝမ်ကျေးရွာ၊ နောင်အော့ကျေးရွာ၊ နောင်ကန်ကျေးရွာနှင့် ဝမ်ငမ်းကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့်နှိူးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_sep2021

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events